Tuesday, 26 January 2016

အလ္လာဟ်အရှင်မြတ် ချစ်နှစ်သက်သော သူများ

▪အလ္လာဟ်အရှင်မြတ် ချစ်နှစ်သက်သောသူများ▪
~~~~~~~~~~~~~~~~~~~~~~~~~
၁-  မိမိ၏ဝန်းကျင်ရှိ သူများကိုအဲဟ်ဆာန်လှပတင့်
တယ်အောင်ပြုကြပါ။ဧကန်မုချအလ္လာဟ်အရှင်မြတ်သည်အဲဟ်ဆာန်ပြုသူတို့ကိုချစ်နှစ်သက်တော်မူသည်။   ကုရ်အာန်(၂ : ၁၉၅ )

၂-  ဧကန်မုချ  အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမှားကို သိမြင်အောင်ပြုပြီး ပြုပြင်သွားသူတို့နှင့် သန့်ရှင်းစင်ကြယ်စွာနေထိုင်သူတို့ကိုချစ်နှစ်သက်တော်မူသည်။  ကုရ်အာန်(၂ : ၂၂၂ )

၃-  အကြင်သူတစ်ဦးသည် ကတိကဝတ်အတိုင်း ပြည့်စုံစွာဆောင်ရွက်သည်။မကောင်းမှုဒုစရိုက်ကို ရှောင်ကြဉ်သည် ယင်းသူကို အလ္လာဟ်အရှင်မြတ် ချစ်နှစ်သက်တော်မူသည်။ ကုရ်အာန်( ၃ : ၇၆ )

၎.အလ္လာဟ်အရှင်မြတ်သည်ခက်ခဲသောအချိန်တွင်ကြံကြံခံရပ်တည်သောသူတို့ကိုချစ်နှစ်သက်တော်မူသည်။  ကုရ်အာန်( ၉ :၁၄၆ )

၅-  အလ္လာဟ်အရှင်မြတ်သည် တာဝန်ကို ဖြောင့်မတ်စွာဆောင်ရွက်သူတို့ကိုချစ်နှစ်သက်တော်မူသည်။   ကုရ်အာန်( ၃ : ၁၃၄ )

၆-  ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တရားမျှတစွာဆောင်ရွက်သူတို့ကိုချစ်နှစ်သက်တော်မူသည်။   ကုရ်အာန်( ၅ : ၄၂ )

၇-  သိကြကုန်လော့ ၊ အလ္လာဟ်အရှင်မြတ်သည် အလ္လာဟ်သိစိတ် သပ်ကဝါဟ် ထားရှိသူတို့နှင့် အတူရှိတော်မူသည်။  ကုရ်အာန်( ၉ :၃၆ )

၈-  ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ကရုဏာ ရဟ်မသ်သည်ဖြောင့်မတ်သောသူတို့နှင့်အလွန်နီးကပ်စွာရှိလေသည်။   ကုရ်အာန်( ၇ : ၅၆ )

၉.ဧကန်မုချအလ္လာဟ်အရှင်မြတ်သည်ဖြောင့်မတ်သောသူတို့ ပြုကျင့်ဆောင်ရွက်ချက်၏ ရလာဒ်ကို အလဟဿ မဖြစ်စေပါ။   ကုရ် အာန်( ၉ : ၁၂၀ )

၁၀-  အကြင်သူတို့သည် ငါအရှင်မြတ်၏ ဒီးန်
(သာသနာ) အတွက် ရုန်းကန်လှုပ်ရှား ကြိုးစား၏။
ယင်းသူတို့ကို ငါအရှင်မြတ်သည် လမ်းစဉ်မှန်ကို ပြသမည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်စွာဆောင်ရွက်သူတို့နှင့်အတူရှိတော်မူသည်။     ကုရ်အာန်( ၂၉ : ၆၉ )

၁၁-  ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကို ယုံကြည်ချက် ပြည့်ဝစွာထားရှိသော သူတို့ကို ချစ်နှစ်သက်တော်မူသည်။
                                 ကုရ်အာန်( ၃ :၁၅၉ )
~~~~~~~~~~~~~~~~~~~~~~~~~
အိုးအလ္လာဟ် ကျွန်တော်မျိုးမတို့ အားလုံးကို အလ္လာဟ်
အရှင်မြတ် ကြိုက်နှစ်သက်သူများ စာရင်းတွင် ပါဝင်ခွင့်ပေးသနားတော်မူပါ။ ( အာမီးန်)


No comments:

Post a Comment