Friday, 29 January 2016

မိစ္စဝါးက် တပူစားသွားတိုက်ခြင်း၏ အကျိုးကျေးဇူးများ

'''''''''မိစ္စဝါးက် (ခေါ်) တပူစား သွားတိုက်မှု့ပြုလုပ်ခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအချို့''''''''''
မိစ္စဝါးက်၏အလေးထားမှု့နှင့်ပါတ်သတ်ရ်ျ အကျိုးကျေးဇူးပေါင်း (70) သို့မဟုတ် (70)ထက်များသော အကျိုးကျေးဇူးများ ရှိသည်ဟု သာသနာ့ပညာရှင် အကြီးအကဲများကရေးသားထားကြသည် ထိုအကျိုးကျေးဇူးများထဲမှ အချို့သော အကျိုးကျေးဇူးများမှာ'''''''''
(1)သေခြင်းမှအပ ရောဂါတိုင်းကို ပျောက်ကင်းစေသောဆေးဝါးတစ်ခုဖြစ်သည်
(2)ကွယ်လွန်ခါနီးအချိန်၌ [ကလီမဟ်ရှဟာဒ်]ကိုသတိရစေသည်
(3)အသက်ထွက်ချိန်၌ ခံစားရသောဝေဒနာကိုဝေးကွာစေသည်
(4)အသက်ဝိဥာဉ်ထွက်ခါနီး၌ လွယ်ကူစေသည်
(5)ပွလ်စွေရားသ်တံတားပေါ်ဖျတ်ကျော်ချိန်၌လျှပ်စီးကဲ့သို့လျှင်မြန်စေသည်
(6)မိစ္စဝါးက်၏ဘရ်ကသ်ကြောင့် အအ်မာလ်ကောင်းမှု့များကိုလက်ယာဘက်၌ချီးမြင့်ပေးခြင်းခံရမည်
(7)အိုမင်းရင့်ရော် ခြင်းကို စိုင်းငံ့စေသည်
(8)စက္ခုအာရုံ(ခေါ်)အမြင်အာရုံကိုထက်မြတ်စေသည် လင်းဝင်းစေသည်
(9)သွားဖုံးများပျက်စီးခြင်းနှင့်ဖောရောင်ခြင်းတို့မှကင်းဝေးစေသည်
(10)သွားများကိုဖြူဖွေးသေသည်
(11)သွားဖုံးများကိုခိုင်ခံစေသည်
(12)အစာကြေစေသည်
(13)ချွဲငန်းများကိုပျတ်တောက်စေသည်
(14)နမားဇ်၌ရရှိသော စဝါးဘ်သည် အစပေါင်း [70] [99] [400]ထိ စတိုးရရှိမည်ဟု ရေဝါယသ်တော်များ၌ဖော်ပြထားသည်
(15)ကောင်းမှု့များကိုများပြားစေသည်
(16)ဖရီရှ်တာများကိုပျော်ရွှင်စေသည်
(17)ထိုသူ၏မျက်နှာပေါတွင်ရှိသော နူးရ်ကြောင့်ဖရီရှ်တာများသည် ထိုသူ့အား ဖက်တွယ်ထားယုံသာမက ထိုသူဗလီသို့သွားသောအခါထိုသူ၏လိုက်နောက်သို့လိုက်ပါပေးသွားသည့်အပြင် ထိုသူဗလီမှပြန်ထွက်လာသောအခါတွင်လည်း အလ္လဟ်ဟို့အသျှင်မြတ်၏ အရရှ်ပုလင်တော်အားထမ်းရွက်ပေးထားသောဖရီရှ်တာများက ထိုသူ့အတွက် မဂ်ဖွေ့ရသ် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခြင်း၏ ဒိုအာကိုတောင်းပေးနေမည်
(18)နဗီနှင့်ရစူလ်များသည်လည်း ထိုသူ့အတွက် မဂ်ဖွေ့ရသ်၏ဒိုအာကိုတောင်းပေးနေမည်
(19)ရှိုင်သွာန်ကိုမနှစ်သက်စေသည့်အတွက် ရှိုင်သွာန်သည် ထိုသူနှင့်ဝေးရာကိုထွက်ပြေးသွားသည်
(20)မိစ္စဝါးက်ကို အမြဲတမ်းကျင့်သုံးခြင်းဖြင့်ပစ္စည်းဥစ္စာကျယ်ဝန်းရ်ျ ရိုဇီကိုလွယ်ကူစေသည်
(21)သွားဝါမြန်းခြင်းကိုဖျတ်တောက်ပေးရ်ျ ခေါက်းကိုက်ခြင်းဝေဒနာကို ဝေးကွာစေသည်
(22)ဦးခေါင်း၏အာရုံကြောများကိုတည်ငြိမ်စေသာ် ပမာအားဖြင့် သဘာဝအလျှောက် ငြိမ်သက်မေသောအာရုံကြောများကိုမလုပ်ခါစေသလို လုပ်ခါနေသောအကြောများကိုလဲ ငြိမ်သက်မသွားစေပါ
(23)သွားကိုက်ခြင်းဝေဒနာကိုဝေးကွာစေသည်
(24)သွားများကိုခိုင်ခံစေသည်
(25)ပါးစပ်မှထွက်သောအပုတ်နံ့နှင့် ညစ်ညမ်းစေသောအရာများကိုဝေးကွာစေရုံသာမက ပါးစပ်အနံ့ကိုမွေးကြိုင်စေသည်
(26)အစာအိမ်ကိုကောင်းမွန်စေသည်
(27)ခန္ဒာကိုယ်ကို အလ္လဟ်ဟိုအသျှင်မြတ်၏အမိန့်နာခံခြင်းအတွက် အင်အားဖြစ်စေသည်
(28)လူသား၏မှတ်ဥာဏ်ကို သန့်ရှင်းမှု့ပေးရ်ျ မှတ်ဥာဏ်ကိုအားကောင်းစေသည်
(29)နှလုံးသားကိုသန့်ပြန့်စေသည်
(30)ဦးဏှောက်ကိုရှင်းစေသည်
(31)သား/သ္မီးများမွေးဖွားနုန်းကို တိုးမြင့်ပေးသည်
(32)ခန္ဒာကိုယ်မှ မကောင်းသောစာရိတ္တများ၏ဆိုးသွမ်းမှု့ကို ဝေးကွာစေသည်
(33)နာကျင်မှု့ကိုဝေးကွာစေသည်
(34)အကြောများကို ခိုင်မာစေသည်
(35)လည်ချောင်းကိုရှင်းစေသည်
(36)နုပ်လျှာကိုထက်မြန်စေသည်
(37)အရာတခုကိုလျှင်မြန်စွာဖြင့် သဘောပေါက်သေသည်
(38)တံတွေးအလွန်အကျွံထွက်ခြင်းကိုပျတ်တောက်စေသည်
(39)စဝါးဘ်ကုသိုလ်များကို စထက်တပိုး တိုးမြင့်စေသည်
(40)ပစ္စည်းဥစ္စာနှင့်သားသ္မီးများတိုးပွားစေသည်
(41)လိုအပ်ချက်များကိုပြီးပြည့်စုံခြင်း၌အကူညီးပေးသည်
(42)ထိုသူ၏ကဗရ်ကိုကျယ်ဝန်းစေသည်
(43)ကဗရ်တွင်းထဲ၌ ပူပင်သောကရောက်ခြင်းမှ ကင်းဝေးစေသည်
(44)နေ့စဉ်မီစ္စဝါးက် မသုံးစွဲသောသူ၏စဝါးဘ်အား ထိုသူ့၏ကောင်းမှု့မှတ်တမ်းတွင် ရေးမှတ်ပေးခြင်းခံရမည်
(45)ထိုသူ့အတွက် ဂျန္နသ်၏တံခါးပေါက် အဆင်သင့် ဖွင့်ပေးထားလေသည်
(46)မီစ္စဝါးက်သုံးစွဲသူသည် နဗီများ၏စွန္နသ်တော်ကိုရှာဖွေသူ နဗီများ၏ခြေထပ်မခွါ နောက်လိုက်သူဖြစ်ကြောင်း ဖရီရှ်တာများနေ့စဉ်ပြောဆိုတော်မူကြလေသည်
(47)ထိုသူ့ဘက်မှ ဂျဟန္နမ်ရဲ့တံခါးပေါက် ပိတ်ပေးခြင်းခံလိုက်ရပေသည်
(48)ဒွန္နယာ၏ အကုသိုလ်ဒုစရိုက်များမှ ကင်းရှင်းသွားလေသည်
(49)အသက်ဝိဥာဉ်ကိုနုတ်ယူသောဖရီရှ်တာသည် နဗီများထံတော်ပါးသို့ပြုံးရွှင်စွာဖြင့် အသက်ဝ်ဥာဉ် နုတ်ယူရန်သွားသကဲ့သလို့ ထိုသူ့ထံသို့အသက်ဝ်ဥာဉ်နုတ်ယူရန် ပြုံးရွှင်စွာဖြင့်ရောက်ရှိလာပေမည်
(50)မီစ္စဝါးက်သုံးစွဲသူသည် တမန်တော်မြတ်ကြီး [စွလလ္လားဟို့အလိုင်းဟေ့ဝစလ္လမ်]သ္ခင်၏ဟောက့်ဇေ့ကောက်စရ်ရေကန်မှ ရေကိုသောက်ရပြီးမှ ဒွန္နယာနှင့် ခွဲခွါရပေမည်''''''''''''

'''''''''မှတ်ချက်''''''''

မိစ္စဝါးက်သုံးစွဲသူနှင့်ပါတ်သတ်ရ်ျ ထိုထက်မကသောအကျိုးကျေးဇူးများရှိသေးပေသည် ထိုအကျိုးကျေးဇူးများထဲမှာ အနိမ့်ဆုံးသောအကျိုးကျေးဇူးသည် ပါးစပ်၏အနံ့ကိုမွေးကြိုင်စေရ်ျ အမြင့်ဆုံးသော အကျိုးကျေးဇူးမှာ ကွယ်လွန်ခါနီးစက္ကရ်ရဲ့အချိန်၌ကလီမဟ် ရှဟာဒသ်ကိုသတိရစေသည်''''''

''''''''အိုးးးးးးးအလ္လာဟ်ဟို့အသျှင်မြတ်''''အသျှင်မြတ၏မဟာဂရုဏာတော်ဖြင့် မွစ္စလင်မ် ညီအကိုမောင်နှမများအား မွစ္စဝါးက်ကိုအမြဲတသေ ကျင့်သုံးနှိင်တဲ့ သောက်ဖွီးက်ပေးသနားတော်မူပါ••••••(ﺍﻣﻴﻦ
             [ ဒိုအာလိုလားသူ ]
ပြန်ဆိုတင်ပြသူ မော်လဝီအီဗရာဟင်းမ်


No comments:

Post a Comment