Tuesday, 26 January 2016

အစ္စလာမ့် ငြိမ်းချမ်းရေး သံစဉ်

အစ္စလ္လာမ့် ငြိမ်းချမ်းရေးသံစဉ်
♣♣♣★★★★★♣♣♣

တို့များ မွတ်စလင်မ် ရှိနေလျှင်
လှူဒါန်းလို့သာ   နေပါမည်

တတ်သိပညာ    မနေသာမို့
စက်မှု၊လက်မှု  ပညာစုကို
သိနေခဲ့ရင်    ဖြန့်ဝေမည်။

လဲနေသူကို တွဲထူပါလို့
အားငယ်သူကို  အားပေးမည်။

ကြီးတဲ့သူကို ရိုသေပါလို့
ရွယ်သူတဲ့သူ  လေးစားခါ
ငယ်သူကိုလည်း သနားမှာ

မှားနေသူကို ပြင်ဆင်ပေးလို့
ကြိုးစားသူကို  ဖေးမ မည်။

အတ္တကြီးသူ  ဗွေမယူပဲ
အစဉ်အမြဲ  ပြုံးပြမည်။

အရှုံးပေးသူကို လှမ်းကူပါလို့
အမုန်းပေးသူကို ချစ်ပြမည်။

ဒေါသကြီးသူကို မေတ္တာထား၍
သောက များသူအား ဖြေသိမ့်မှာ

အစ္စလာမ်ဆိုတာ  ငြိမ်းချမ်းရေးမို့
အေးချမ်းအောင်ပဲ ကြိုးစားမည်။
                            
                      (အစ်ဗ်နို့ဆိုက်ဖွလ္လာဟ် ကာစေမီ)


No comments:

Post a Comment