Friday, 29 January 2016

ရှရီအသ်မှ ပြဆိုသော ပရ်ဒါ ဟူသည်

ရှရ်ရီအသ်မှပြဆိုသောပရ်ဒါဟ်
===================================
ပရ်ဒါဟ်ဟူသည်အရွယ်ရောက်ပြီးသည့်အမျိုးသမီးတိုင်းသည် မိမိတို့နှင့်နေကာပြုလျှင်ပိုင်သော
သူစိမ်းယောက်ကျားများ၏ရှေ့တွင် တရားတော်မှပြဌာန်းထားသောစည်းကမ်းချက်နှင့်ကိုက်ညီသည့် ဝတ်စားဆင်ရင်မှုမျိုး ဖြင့်နေထိုင်သွားလာခြင်းကိုပရ်ဒါဟုခေါ်သည်။ သူစိမ်းယောက်ကျားများရှေ့၌ပရ်ဒါမဲ့စွာနေခြင်းသည် ဟရမ်ဖြစ်သည် ကြီးလေးသောပြစ်မှုဂိုနာဟ်ကျူးလွန်ခြင်းပင်ဖြစ်သည်။ပရ်ဒါဖြင့်နေထိုင်ခြင်းမှာ အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်းအပေါ်ဖွရားဇ်မပြုမနေရတာဝန်တစ်ခုဖြစ်သည်။ကုရ်အာန်ဟဒီးစ်တော်များမှကောက်နုတ်တင်ပြရသော် အမျိုးသမီးတို့၏ဝတ်စားဆင်ယဉ်မှု၌အချက်9ချက်နှင့်ကိုက်ညီလျှင်
တရားတော်မှပြထားသောရှရ်ရီအီးပရ်ဒါမည်သည်။
၁/ အဝတ်အထည်သည် ကိုယ်ခန္ဓာတစ်ခုလုံးအားလွမ်းခြုံဖုံးအုပ်ထားခြင်းရှိရပေမည်။
၂/အတွင်းပိုင်းသို့ထိုးဖေါက်မြင်ရနိုင်သည့်ပါးလွှာသော အဝတ်မျိုးမဖြစ်စေရ။ထုထည်မှုရှိရပေမည်။
၃/ခန္ဓာအချိုးအစားအားထင်ဟပ်ပေါ်လွင်စေသည့် တင်းကြပ်ကပ်ရပ်နေသောအဝတ်အစားမျိုးမဖြစ်စေရ။ပွရွချောင်ချိသော အဝတ်မျိုးဖြစ်ရပေမည်
၎/ယောက်ကျားများရဲ့အရှု့ကိုစွဲဆောင်စေသောချယ်သမှုမျိုးမရှိစေရ
၅/အမွေးနံသာလိမ်းကြံထားသောအဝတ်အစားမျိုးမဖြစ်စေရ
၆/ကြွားဝါပြစားရန်၊ မောက်မာထောင်လွားရန်ဝတ်ဆင်သောအဝတ်မျိုးမဖြစ်စေရ
၇/ယောက်ကျားသားများ၏ဝတ်စားဆင်ယဉ်မှုနှင့်မတူဆင်စေရ
၈/ကာဖွေရ်အမျိုးသမီးတို့အားတုပဝတ်ဆင်သော အဝတ်မျိုးမဖြစ်စေရ
၉/ သက်ရှိ ရုပ်ပုံနှင့် ဘာသာခြားတို့၏ကိုယ်းကွယ်သည့်အမှတ်တံစိပ်ပါဝင်သော အဝတ်အစားမျိုးမဖြစ်စေရ။ထိုအချက်တွေနဲ့ကိုက်ညီမှုရှိလျှင်မည်သည့်အဝတ်အထည်မျိုး ဒီဇိုင်းမျိုးမဆိုဝတ်ဆင်ခွင့်ရှိသည်
သူစီမ်းအမျိုးသားများရှေ့တွင်လည်းသွားလာခွင့်ရှိသည်။
အလ္လာဟ်အရှင်ကျွန်တော်များရဲ့အမေအမညီမနှင့်မွတ်စ္စ်လ်မာန်အမျိုးသမီးတိုင်းကို ပရ်ဒါဟ်ရဲ့အသိချီးမြင့်ခါ သေတဖန်သက်တစ်ဆုံးတိုင်ပရ်ဒါဟ်နဲ့နေနိုင်တဲ့သောက်ဖွီးစွမ်းအားချီးမြင့်တော့မူပါစေ (အာမီးန)်

                 
                  (အစ်ဗ်နို့ဆိုက်ဖွလ္လာဟ်-ကာစေမီ)်


No comments:

Post a Comment