Friday, 29 January 2016

ဖတ်ပါ မှတ်ပါ ကျင့်သုံးပါ ဖြန့်ဝေပါ ပို့ချပါ

ဖတ်ပါ မှတ်ပါ ကျင့်သုံးပါ ဖြန့်ဝေပါ ပို့ချပါ

လူတို့တွင် မတရားဆုံးသူမှာ
ကိုယ့်မှာရှိတဲ့ မို့လောက်ကြီးကြယ်တဲ့
အပြစ်ကို မမြင်တွေ့နိုင်ပဲ သူတစ်ပါးမှာ
ရှိတဲ့ မြူမှုံ့ ခန်းမြလောက်သော  သေးဖွဲတဲ့
အပြစ်ကိုပင် ရှာဖွေ မြင်တတ်တဲ့သူပဲဖြစ်တယ်

မိစ္စဝါးက် တပူစားသွားတိုက်ခြင်း၏ အကျိုးကျေးဇူးများ

'''''''''မိစ္စဝါးက် (ခေါ်) တပူစား သွားတိုက်မှု့ပြုလုပ်ခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအချို့''''''''''
မိစ္စဝါးက်၏အလေးထားမှု့နှင့်ပါတ်သတ်ရ်ျ အကျိုးကျေးဇူးပေါင်း (70) သို့မဟုတ် (70)ထက်များသော အကျိုးကျေးဇူးများ ရှိသည်ဟု သာသနာ့ပညာရှင် အကြီးအကဲများကရေးသားထားကြသည် ထိုအကျိုးကျေးဇူးများထဲမှ အချို့သော အကျိုးကျေးဇူးများမှာ'''''''''
(1)သေခြင်းမှအပ ရောဂါတိုင်းကို ပျောက်ကင်းစေသောဆေးဝါးတစ်ခုဖြစ်သည်
(2)ကွယ်လွန်ခါနီးအချိန်၌ [ကလီမဟ်ရှဟာဒ်]ကိုသတိရစေသည်
(3)အသက်ထွက်ချိန်၌ ခံစားရသောဝေဒနာကိုဝေးကွာစေသည်
(4)အသက်ဝိဥာဉ်ထွက်ခါနီး၌ လွယ်ကူစေသည်
(5)ပွလ်စွေရားသ်တံတားပေါ်ဖျတ်ကျော်ချိန်၌လျှပ်စီးကဲ့သို့လျှင်မြန်စေသည်
(6)မိစ္စဝါးက်၏ဘရ်ကသ်ကြောင့် အအ်မာလ်ကောင်းမှု့များကိုလက်ယာဘက်၌ချီးမြင့်ပေးခြင်းခံရမည်
(7)အိုမင်းရင့်ရော် ခြင်းကို စိုင်းငံ့စေသည်
(8)စက္ခုအာရုံ(ခေါ်)အမြင်အာရုံကိုထက်မြတ်စေသည် လင်းဝင်းစေသည်
(9)သွားဖုံးများပျက်စီးခြင်းနှင့်ဖောရောင်ခြင်းတို့မှကင်းဝေးစေသည်
(10)သွားများကိုဖြူဖွေးသေသည်
(11)သွားဖုံးများကိုခိုင်ခံစေသည်
(12)အစာကြေစေသည်
(13)ချွဲငန်းများကိုပျတ်တောက်စေသည်
(14)နမားဇ်၌ရရှိသော စဝါးဘ်သည် အစပေါင်း [70] [99] [400]ထိ စတိုးရရှိမည်ဟု ရေဝါယသ်တော်များ၌ဖော်ပြထားသည်
(15)ကောင်းမှု့များကိုများပြားစေသည်
(16)ဖရီရှ်တာများကိုပျော်ရွှင်စေသည်
(17)ထိုသူ၏မျက်နှာပေါတွင်ရှိသော နူးရ်ကြောင့်ဖရီရှ်တာများသည် ထိုသူ့အား ဖက်တွယ်ထားယုံသာမက ထိုသူဗလီသို့သွားသောအခါထိုသူ၏လိုက်နောက်သို့လိုက်ပါပေးသွားသည့်အပြင် ထိုသူဗလီမှပြန်ထွက်လာသောအခါတွင်လည်း အလ္လဟ်ဟို့အသျှင်မြတ်၏ အရရှ်ပုလင်တော်အားထမ်းရွက်ပေးထားသောဖရီရှ်တာများက ထိုသူ့အတွက် မဂ်ဖွေ့ရသ် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခြင်း၏ ဒိုအာကိုတောင်းပေးနေမည်
(18)နဗီနှင့်ရစူလ်များသည်လည်း ထိုသူ့အတွက် မဂ်ဖွေ့ရသ်၏ဒိုအာကိုတောင်းပေးနေမည်
(19)ရှိုင်သွာန်ကိုမနှစ်သက်စေသည့်အတွက် ရှိုင်သွာန်သည် ထိုသူနှင့်ဝေးရာကိုထွက်ပြေးသွားသည်
(20)မိစ္စဝါးက်ကို အမြဲတမ်းကျင့်သုံးခြင်းဖြင့်ပစ္စည်းဥစ္စာကျယ်ဝန်းရ်ျ ရိုဇီကိုလွယ်ကူစေသည်
(21)သွားဝါမြန်းခြင်းကိုဖျတ်တောက်ပေးရ်ျ ခေါက်းကိုက်ခြင်းဝေဒနာကို ဝေးကွာစေသည်
(22)ဦးခေါင်း၏အာရုံကြောများကိုတည်ငြိမ်စေသာ် ပမာအားဖြင့် သဘာဝအလျှောက် ငြိမ်သက်မေသောအာရုံကြောများကိုမလုပ်ခါစေသလို လုပ်ခါနေသောအကြောများကိုလဲ ငြိမ်သက်မသွားစေပါ
(23)သွားကိုက်ခြင်းဝေဒနာကိုဝေးကွာစေသည်
(24)သွားများကိုခိုင်ခံစေသည်
(25)ပါးစပ်မှထွက်သောအပုတ်နံ့နှင့် ညစ်ညမ်းစေသောအရာများကိုဝေးကွာစေရုံသာမက ပါးစပ်အနံ့ကိုမွေးကြိုင်စေသည်
(26)အစာအိမ်ကိုကောင်းမွန်စေသည်
(27)ခန္ဒာကိုယ်ကို အလ္လဟ်ဟိုအသျှင်မြတ်၏အမိန့်နာခံခြင်းအတွက် အင်အားဖြစ်စေသည်
(28)လူသား၏မှတ်ဥာဏ်ကို သန့်ရှင်းမှု့ပေးရ်ျ မှတ်ဥာဏ်ကိုအားကောင်းစေသည်
(29)နှလုံးသားကိုသန့်ပြန့်စေသည်
(30)ဦးဏှောက်ကိုရှင်းစေသည်
(31)သား/သ္မီးများမွေးဖွားနုန်းကို တိုးမြင့်ပေးသည်
(32)ခန္ဒာကိုယ်မှ မကောင်းသောစာရိတ္တများ၏ဆိုးသွမ်းမှု့ကို ဝေးကွာစေသည်
(33)နာကျင်မှု့ကိုဝေးကွာစေသည်
(34)အကြောများကို ခိုင်မာစေသည်
(35)လည်ချောင်းကိုရှင်းစေသည်
(36)နုပ်လျှာကိုထက်မြန်စေသည်
(37)အရာတခုကိုလျှင်မြန်စွာဖြင့် သဘောပေါက်သေသည်
(38)တံတွေးအလွန်အကျွံထွက်ခြင်းကိုပျတ်တောက်စေသည်
(39)စဝါးဘ်ကုသိုလ်များကို စထက်တပိုး တိုးမြင့်စေသည်
(40)ပစ္စည်းဥစ္စာနှင့်သားသ္မီးများတိုးပွားစေသည်
(41)လိုအပ်ချက်များကိုပြီးပြည့်စုံခြင်း၌အကူညီးပေးသည်
(42)ထိုသူ၏ကဗရ်ကိုကျယ်ဝန်းစေသည်
(43)ကဗရ်တွင်းထဲ၌ ပူပင်သောကရောက်ခြင်းမှ ကင်းဝေးစေသည်
(44)နေ့စဉ်မီစ္စဝါးက် မသုံးစွဲသောသူ၏စဝါးဘ်အား ထိုသူ့၏ကောင်းမှု့မှတ်တမ်းတွင် ရေးမှတ်ပေးခြင်းခံရမည်
(45)ထိုသူ့အတွက် ဂျန္နသ်၏တံခါးပေါက် အဆင်သင့် ဖွင့်ပေးထားလေသည်
(46)မီစ္စဝါးက်သုံးစွဲသူသည် နဗီများ၏စွန္နသ်တော်ကိုရှာဖွေသူ နဗီများ၏ခြေထပ်မခွါ နောက်လိုက်သူဖြစ်ကြောင်း ဖရီရှ်တာများနေ့စဉ်ပြောဆိုတော်မူကြလေသည်
(47)ထိုသူ့ဘက်မှ ဂျဟန္နမ်ရဲ့တံခါးပေါက် ပိတ်ပေးခြင်းခံလိုက်ရပေသည်
(48)ဒွန္နယာ၏ အကုသိုလ်ဒုစရိုက်များမှ ကင်းရှင်းသွားလေသည်
(49)အသက်ဝိဥာဉ်ကိုနုတ်ယူသောဖရီရှ်တာသည် နဗီများထံတော်ပါးသို့ပြုံးရွှင်စွာဖြင့် အသက်ဝ်ဥာဉ် နုတ်ယူရန်သွားသကဲ့သလို့ ထိုသူ့ထံသို့အသက်ဝ်ဥာဉ်နုတ်ယူရန် ပြုံးရွှင်စွာဖြင့်ရောက်ရှိလာပေမည်
(50)မီစ္စဝါးက်သုံးစွဲသူသည် တမန်တော်မြတ်ကြီး [စွလလ္လားဟို့အလိုင်းဟေ့ဝစလ္လမ်]သ္ခင်၏ဟောက့်ဇေ့ကောက်စရ်ရေကန်မှ ရေကိုသောက်ရပြီးမှ ဒွန္နယာနှင့် ခွဲခွါရပေမည်''''''''''''

'''''''''မှတ်ချက်''''''''

မိစ္စဝါးက်သုံးစွဲသူနှင့်ပါတ်သတ်ရ်ျ ထိုထက်မကသောအကျိုးကျေးဇူးများရှိသေးပေသည် ထိုအကျိုးကျေးဇူးများထဲမှာ အနိမ့်ဆုံးသောအကျိုးကျေးဇူးသည် ပါးစပ်၏အနံ့ကိုမွေးကြိုင်စေရ်ျ အမြင့်ဆုံးသော အကျိုးကျေးဇူးမှာ ကွယ်လွန်ခါနီးစက္ကရ်ရဲ့အချိန်၌ကလီမဟ် ရှဟာဒသ်ကိုသတိရစေသည်''''''

''''''''အိုးးးးးးးအလ္လာဟ်ဟို့အသျှင်မြတ်''''အသျှင်မြတ၏မဟာဂရုဏာတော်ဖြင့် မွစ္စလင်မ် ညီအကိုမောင်နှမများအား မွစ္စဝါးက်ကိုအမြဲတသေ ကျင့်သုံးနှိင်တဲ့ သောက်ဖွီးက်ပေးသနားတော်မူပါ••••••(ﺍﻣﻴﻦ
             [ ဒိုအာလိုလားသူ ]
ပြန်ဆိုတင်ပြသူ မော်လဝီအီဗရာဟင်းမ်

အစ္စလာမ့် အမျိုးသမီးတို့ သံဝေဃ ရယူ ဆိုးကြောက်နေရမည့် ဟဒီးစ်တစ်ပုဒ်

အစ္စလာမ့်အမျိုးသမီးတို့စိုးကြောက်နေရမည့်
             ဟဒီးစ်တော်တစ်ရပ်
= = = = = = = = = = = = = = = = = = = =
ကန့်ဇွလ်အွမ္မာလ်ကျမ်းတွင်ဟဇရသ်အစ်ဗ်နို့အဗားစ်(ရသွေ့)သခင်၏ဆင့်ပြန်ချက်တစ်ရပ်လာရှိသည်။ယင်းဆင့်ပြန်ချက်မှာကျွန်ုပ်တို့အဖို့ရာအလွန်ပင်ထိပ်လန့်ဖွယ်ရာ၊သောကထားရမည့်အရာနှင့်မျက်ရည့်ကြစေမည့်အရာလည်းဖြစ်သည်အကြောင်းမှာတမန်တော်မြတ်(ဆွလ္လလ္လားဟို့အလိုင်းဟေ့ဝစလာမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ
من تسع وتسعين امرأةواحدةفي الجنةوبقيتهن في النار
အမျိုးသမီး99%တွင်တစ်ဦးသာလျှင်ဂျန္နသ်သို့သွားရမည်ဖြစ်ပြီးကျန်သူမများမှာဂျဟန္နမ်သို့ကြရောက်မည်ဖြစ်သည်။အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ(ရှင်းလင်းချက်)အထက်ပါဟဒီးစ်တော်အားကြားနာပြီးနောက်အဘယ်မျှသောကဖြစ်နေရမည်စိုးရိမ်နေရမည်ဆိုသည်ကိုမူပြောပြနေရန်ပင်မလိုပါချေ။မြတ်နဗီ၏စကားသည်ကားအမှန်ပင်သာဖြစ်သည်မြေကြီးလက်နှင့်ခတ်ကလွဲချင်လွှဲပေလိမ်မည်တမန်တော်၏စကားလွဲဖို့မရှိကြောက်ရွံ့ကြပါသောကထားကြပါဧကန်အကြောက်တရားထားသူတိုသာလျှင်အောင်မြင်ပေလိမ့်မည်။ဤတွင်ကျွန်ုပ်၏ချစ်ရပါသောအမေအစ်မညီမငယ်တို့အဖို့အထူးရှောင်ကျဉ်ရမည့်ပြစ်မှုဂိုနဟ်အချို့ကိုတင်ပြလိုက်ရပါသည်။
(၁)ရှရစ်က်ထိုက်စေသောအပြောအဆိုအနေအထိုင်အပြုအမူတိုအားပြောဆိုပြုမူခြင်း
(၂)အတိတ်နမိတ်ကောက်ခြင်း၊ဗေဒင်နတ်ခက်မေးခြင်း ယုံကြည်လက်ခံခြင်း
(၃)သူတစ်ပါးအပေါ်မနာလိုဝင်တိုစိတ်ထားခြင်း၊ကောက်ကျစ်စိတ်ထားခြင်း၊ကြိမ်ဆဲခြင်း၊ကြမ်းကျုတ်ခြင်း
(၄)နောက်ကွယ်အတင်းပြောခြင်း၊အိမ်တွင်ဆူပူခြင်း၊ပြသနာများစွာရှာဖွေခြင်း
၅ နမားဇ်များကိုမဖတ်ပဲမေ့လျော့ထားခြင်း
၆ မိမိပိုင်ပစ္စည်းတို့အနက်ဇကားသ်ထိုက်နေ
  သည်ကိုမပေးထုပ်ပဲမသိသလိုနေခြင်း
၇ဂိုစွလ်ရေချိုးထိုက်ပါလျှက်ပေါ့ပေါ့တန်တန်နေ၍ကြာမြင့်စွာရေမချိုးပဲနေခြင်း
၈ဝိုဇူ၊ဂိုစွလ်ပြုရာတွင်ရေရောက်ရန်အဟန့်အတားဖြစ်သောဆိုးဆေးများနုတ်ခမ်းနီ၊မိတ်ကပ်၊လက်သည်းနီဆေးစသောအရာတို့ချယ်သလိမ်းဆိုးထားခြင်း
(၉)ပရ်ဒါဟ်မဲ့နေခြင်း၊စိတ်အလိုလိုက်အကြိုက်ဆောင်ခါနေချင်သလိုနေ၍တရားတော်၏အမိန့်များကိုချိုးဖေါက်နေခြင်း
(၁၀)လှုဒါန်းရက်ရောရာ၌ဂုဏ်ဖော်ခြင်း၊တွန့်တိုစေးနည်းခြင်း
(၁၁)သူတစ်ပါအပေါ်အမှားပြုမိလျှင်မာနဖြင့်မတောင်းပန်ပဲနေတတ်ခြင်း
(၁၂)ဟလာလ်၊ဟရမ်ကိုအလေးမမူဂရုမစိုက်ပဲနေခြင်း
(၁၃)မိဘအမိန့်ဖီဆန်ခြင်း ကြမ်းတန်းစွာအော်ငေါက်တုံ့ပြန်တတ်ခြင်း
(၁၄)တွလားက်ကြထားပါလျှက်လင်ယောက်ကျားနှင့်အတူတူနေခြင်း
စသောပြစ်မှုတွေမိမိတို့ထံတွင်ရှိနေလားပြန်ဆန်းစစ်ကြပါလေရှိနေလျှင်ပြင်ဆင်ဖြေ့စွပ်၍အလ္လာဟ်အရှင်၏ရှေ့တော်မှောက်၌သောက်ဝ်ဗာဟ်ပြုငိုးကြွေးနေပါအလ္လာဟ်အရှင်သည်မက်ထားသူတို့၏မက်ထားမှုကိုအချီးအနှီးမလုပ် သောက်ဝ်ဗာဟ်အမှားဝန်ခံသူတို့အား
ချစ်မြတ်နိုးတော်မူပေသည်။ အလ္လာဟ်အရှင် ကျွန်ုပ်၏အမေအမညီမနှစ်မတို့အားကြောက်မက်ဖွယ်ဂိုနာဟ်များမှထိန်းသိမ်းတော်မူပါစေ ဂျန္နသ်သုခံဘုံသို့ရောက်စေမည်းအမာလ်များအားပြုကျင့်နိုင်စွမ်းချီးမြင့်တော်မူပါစေဂျဟန္နမ်ငရဲမီးဘေးမှလွတ်းငြိမ်းချမ်းသာခွင်ပြုတော်မူပါအာမီးန်။
   သူတော်စင်တို့၏ဒိုအာကိုမျှော်ကိုးလျှက်
               (အစ်ဗ်နို့ဆိုက်ဖွလ္လာဟ်-ကာစေမီ)

ရှရီအသ်မှ ပြဆိုသော ပရ်ဒါ ဟူသည်

ရှရ်ရီအသ်မှပြဆိုသောပရ်ဒါဟ်
===================================
ပရ်ဒါဟ်ဟူသည်အရွယ်ရောက်ပြီးသည့်အမျိုးသမီးတိုင်းသည် မိမိတို့နှင့်နေကာပြုလျှင်ပိုင်သော
သူစိမ်းယောက်ကျားများ၏ရှေ့တွင် တရားတော်မှပြဌာန်းထားသောစည်းကမ်းချက်နှင့်ကိုက်ညီသည့် ဝတ်စားဆင်ရင်မှုမျိုး ဖြင့်နေထိုင်သွားလာခြင်းကိုပရ်ဒါဟုခေါ်သည်။ သူစိမ်းယောက်ကျားများရှေ့၌ပရ်ဒါမဲ့စွာနေခြင်းသည် ဟရမ်ဖြစ်သည် ကြီးလေးသောပြစ်မှုဂိုနာဟ်ကျူးလွန်ခြင်းပင်ဖြစ်သည်။ပရ်ဒါဖြင့်နေထိုင်ခြင်းမှာ အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်းအပေါ်ဖွရားဇ်မပြုမနေရတာဝန်တစ်ခုဖြစ်သည်။ကုရ်အာန်ဟဒီးစ်တော်များမှကောက်နုတ်တင်ပြရသော် အမျိုးသမီးတို့၏ဝတ်စားဆင်ယဉ်မှု၌အချက်9ချက်နှင့်ကိုက်ညီလျှင်
တရားတော်မှပြထားသောရှရ်ရီအီးပရ်ဒါမည်သည်။
၁/ အဝတ်အထည်သည် ကိုယ်ခန္ဓာတစ်ခုလုံးအားလွမ်းခြုံဖုံးအုပ်ထားခြင်းရှိရပေမည်။
၂/အတွင်းပိုင်းသို့ထိုးဖေါက်မြင်ရနိုင်သည့်ပါးလွှာသော အဝတ်မျိုးမဖြစ်စေရ။ထုထည်မှုရှိရပေမည်။
၃/ခန္ဓာအချိုးအစားအားထင်ဟပ်ပေါ်လွင်စေသည့် တင်းကြပ်ကပ်ရပ်နေသောအဝတ်အစားမျိုးမဖြစ်စေရ။ပွရွချောင်ချိသော အဝတ်မျိုးဖြစ်ရပေမည်
၎/ယောက်ကျားများရဲ့အရှု့ကိုစွဲဆောင်စေသောချယ်သမှုမျိုးမရှိစေရ
၅/အမွေးနံသာလိမ်းကြံထားသောအဝတ်အစားမျိုးမဖြစ်စေရ
၆/ကြွားဝါပြစားရန်၊ မောက်မာထောင်လွားရန်ဝတ်ဆင်သောအဝတ်မျိုးမဖြစ်စေရ
၇/ယောက်ကျားသားများ၏ဝတ်စားဆင်ယဉ်မှုနှင့်မတူဆင်စေရ
၈/ကာဖွေရ်အမျိုးသမီးတို့အားတုပဝတ်ဆင်သော အဝတ်မျိုးမဖြစ်စေရ
၉/ သက်ရှိ ရုပ်ပုံနှင့် ဘာသာခြားတို့၏ကိုယ်းကွယ်သည့်အမှတ်တံစိပ်ပါဝင်သော အဝတ်အစားမျိုးမဖြစ်စေရ။ထိုအချက်တွေနဲ့ကိုက်ညီမှုရှိလျှင်မည်သည့်အဝတ်အထည်မျိုး ဒီဇိုင်းမျိုးမဆိုဝတ်ဆင်ခွင့်ရှိသည်
သူစီမ်းအမျိုးသားများရှေ့တွင်လည်းသွားလာခွင့်ရှိသည်။
အလ္လာဟ်အရှင်ကျွန်တော်များရဲ့အမေအမညီမနှင့်မွတ်စ္စ်လ်မာန်အမျိုးသမီးတိုင်းကို ပရ်ဒါဟ်ရဲ့အသိချီးမြင့်ခါ သေတဖန်သက်တစ်ဆုံးတိုင်ပရ်ဒါဟ်နဲ့နေနိုင်တဲ့သောက်ဖွီးစွမ်းအားချီးမြင့်တော့မူပါစေ (အာမီးန)်

                  (အစ်ဗ်နို့ဆိုက်ဖွလ္လာဟ်-ကာစေမီ)်

Thursday, 28 January 2016

ခင်ပွန်းကောင်းတစ်ယောက်ရဲ့ ဇနီးအပေါ် ထားရှိရမည့် ဝတ္တရားများ

ခင်ပွန်သည်အပေါ်ဇနီးကောင်းတစ်ယောက်ထားရှိရ   မည့်ဝတ်တရားများ 
★★★★★★★★★★★★★★★★★★★
①ဇနီးဖြစ်သူသည် မိမိခင်ပွန်းရဲ့ အမိန့်ကို နာခံခြင်း
②ခင်ပွန်သည်အား ခေဒမသ်ပြုခြင်း။
قال النبي صلي الله عليه وسلم خيرالنساءالتي تسره إذا نظروتعطيه إذاأمر     (နစာအီကျမ်း)

③ခင်ပွန်၏ခွင့်ပြုချက်မပါပဲခင်ပွန်းပိုင်အိမ်၌မည်သူ့ကို မှ တည်းမခိုစေခြင်း
قال النبي عليه السلام لاتأذن إمرأةفي بيت زوجها إلا بإذنه
            (တွီဗ်ရာနီကျမ်း)

④ခင်ပွန်၏ ပစ္စည်းများအား ခွင့်မတောင်းပဲ မသုံးရ ၊အလားတူ မဖြုံးတီးရ
قال النبي عليه السلاة الإمرأةراعيةفي بيت زوجها
                 (ဘိုခါရီကျမ်း)

⑤ခင်းပွန် နဲ့အတူရှိနေချိန်၌  ခွင့်ပြုချက်
မယူပဲ နဖွေလ် ရိုဇာမထားရ
لاتصوم المرأة وبعلهاشاهد إلا بإذنه(ဘိုခါရီကျမ်း)

⑥ ဇနီးမောင်နှံ နှစ်ဦးကြားက မေ့မှားမှုလေးတွေကို စာနာ နားလည်ပေးခြင်း
                      (မွတ်စနဒ်အဟ်မဒ်ကျမ်း)

⑦စိတ်ဆိုးဒေါသထွက်လို ပြုမူပြောဆိုလာမှုတွေကို  သီးခံခွင့်လွှတ်ခြင်း
                           (မွတ်စလင်မ်ကျမ်း)

⑧ရောင့်ရဲ့ တင်းတိမ်ခြင်း
                     (အလ်အဒဘို ဖွိလ်ဒီးန်)

⑨ခင်ပွန်းသည်စကားပြောနေလျှင် ဝင်မပြောပဲ တိပ်ဆိတ်စွာ နားထောင်ခြင်း
              (အလ်အဒဘို့ ဖွိလ်ဒီးန်)

10/ခင်ပွန်းရဲ့ ဆွေမျိုးသာချင်း မိသားစုများ
ကို လေးစားခြင်း (အလ်အဒဘို ဖွိလ်ဒီးန်)

11/အိမ်နီးချင်းသူစိမ်းများနဲ့  လိုအပ်သည်ထက် ပိုမပြောခြင်း
                (အလ်အဒဘို ဖွိလ်ဒီးန်)

12/သူစိမ်းယောက်က်ျာလေးများနှင့် ဘယ်မျှပင် ရင်းနီးပါစေ အရောမဝင်ပဲ သူစိမ်းလိုသာနေခြင်း
                (အလ်အဒဘို ဖွိလ်ဒီးန်)

13/အချိန်တိုင်တွင် ကိုယ့်ကိုယ်ကို ထိန်းကြောင်းဆန်းစစ်နေ၍ အလ္လာဟ်အရှင်၏ အေဗာဒသ်များ မပျက်ကွင်စေရ
            (အလ်အဒဘို ဖွိလ်ဒီးန်)

14/မိမိရဲ့အလှကိုခင်ပွန်သည်တွက် သာ ပြင်ဆင်ခြင်း                 (နစာအီကျမ်း)

15/ခင်ပွန်းကိုတွေ့လျှင် ပြုံးရွှင်ပြခြင်း
            (အလ်အဒဘို ဖွိလ်ဒီးန်)
မိမိရဲ့ ချစ်မေတ္တာကို ခင်ပွန်းသည် သိစေရန် ထုပ်ပြခြင်း
17/အကြောင်းကြီးငယ်မရှိပဲ ခင်းပွန်းရဲ့ အလိုကို မဖြည့်စည်းပဲ မနေရ
         (မွတ်စနဒ် အဟ်မဒ်ကျမ်း)
18/ခင်ပွန်းနှင်းမိမိရဲ့ လျှို့ဝှက်ချက်ကို  သူတစ်ပါးအား ပြန်မပြောပြရ
               (မွတ်စလင်မ်ကျမ်း)
19/ခင်ပွန်  အိမ်ပြင်သွားသည့်အခါ  တခါးဝ တိုင် လိုက်ပို့ခြင်း
(မွတ်စနဒ် ဖွာရူးက်ကျမ်း)

20/အရေးကြီးလိုအပ်မှု မရှိပါပဲ သွလားက်ကို မတောင်းခံခြင်း
(မိုစနဒွလ်ဖွာရူးက်ကျမ်း)
21/ခင်ပွန်းသည်အား ကျေးဇူးမကန်းခြင်း
            (မွတ်စ်လင်မ်ကျမ်း)

အလ္လာဟ်အရှင် အစ္စလာမ့် အိမ်ထောင်ရှင်အမျိုးသမီးတို့အား  ဖော်ပြပါဝတ္တရားများ ကျေပွန်စွာ ထန်းဆောင်နိုင်သူမ
များဖြစ်စေတော်မူပါ အာမီးန်

ခင်ပွန်းသည်အပေါ် ဇနီးကောင်းတစ်ယောက် ထားရှိရမည့် ဝတ္တရားများ