11.حَىٌ لَايَمُوْتُ,قَيُوْمُ لَايَنَامُ
ထိုအရှင်မြတ်သည် သေခြင်းနာခြင်းမှ ကင်းစင်တော်မူသောအရှင်ဖြစ်သည်..
၎င်းနောက် အကြင်အရှင်မြတ်သည် အိပ်စက်ချင်းမှလည်း ကင်းစင်တော်မူသော
အရှင်မြတ်ဖြစ်တော်မူ၏
12. خَالِقٌ بِلَاحَاجَةٍ
ထိုအရှင်မြတ်သည် စင်္ကြာဝဠာခပ်သိမ်းအား ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်...သို့သော်
ထိုအရှင်သည် ၎င်းဖန်ဆင်းခန်များ၏လိုအပ်ချက် မှ ကင်းစင်တော်မူသည်..
(ရှင်းလင်းချက်)အရှင်မြတ်သည် စင်္ကြာဝဠာကြီးအား မိမိရဲ့လိုအပ်ချက်အဖြစ် ဖန်ဆင်းလိုက်ချင်းမဟုတ်ပေ..
13.رَازِقٌ بِلَامَؤُنَةٍ
ထိုအရှင်မြတ်သည် မည့်သည့် ခက်ခဲမှုမျှမရှိပဲ အဖန်ဆင်းခံအားလုံးအား (ရိုဇီ)ရိတ်ခါ ချီးမြင့်တော်မူသော
အရှင်ဖြစ်တော်မူသည်...
14.مُمِيْتُ بِلَامُخَافَةٍ,بَاعِثٌ بِلَامُشَقةٍ
ထိုအရှင်မြတ်သည် မည်သည့်တစ်စုံတရာ၏ ကြောက်ရွံ့စိုးရိမ်မှု မရှိပဲ အားလုံးကို သေစေနိုင်တော်မူသောအရှင်ဖြစ်သည်..
၎င်းနောက် ထိုအရှင်မြတ်သည် မည်ကဲ့သို့သော ခဲရင်းမှုမျှမရှိပဲနှင့် အားလုံးကို ပြန်လည် ရှင်ပြန်ထစေနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူသည်...
15.مَازَالَ بِصِفَاتِهِ قَدِيْمًاقَبْلَ خَلْقِهِ,لَمْ يَزْدَدْبِكَوْنِهِمْ شَيْعًا لَمْ يَكُنْ قَبْلَهُمْ مِنْ صِفَاتِهِ.
မည်သည့်အဖန်ဆင်းခံကိုမျှ မဖန်ဆင်းခင် ကပင်လျင် ထိုအရှင်မြတ်သည် မိမိ၏
ရှိယင်းစွဲ (ဆွေဖားသ်)ဂုဏ်တော်များနှင့် တကွ တည်တံ့နေတော်မူသည်...
၎င်းနောက် ထို တစ်ချိန်က မရှိခဲ့သော ဖန်ဆင်းခံများအား ဖန်ဆင်းလိုက်ခြင်းကြောင့်
မိမိ၏(ဆွေဖားသ်)ဂုဏ်တော်များ၌ အနည်းငယ်မျှ တိုးပွားလာခြင်း မရှိပါ..
16.وَكَمَاكَانَ بِصِفَاتِهِ أَزْلِيًاكَذَالِكَ لَايَزَالُ عَلَيْهَاأَبَدِيًا
ထိုအရှင်မြတ်သည် မိမိ၏(ဆွေဖားသ်)ဂုဏ်တော်များနှင့်တကွ အမြဲတစေ တည်ရှိနေတော်မူပြီး
ယင်း(ဆွေဖားသ်)ဂုဏ်တော်များသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ချေ...
لَيْسَ بَعْدَ خَلْقِ الْخَلْقَ اسْتَفَادَاِسْمَ الْخَالِق.17
အဖန်ဆင်းခံများအား ဖန်ဆင်းပြီးသည့်နောက်မှ ဖန်ဆင်းရှင်ဟူသော နာမတော်
မည်တွင်လာခြင်းမဟုတ်ချေ...(ယင်းဖန်ဆင်းခံများအား မဖန်ဆင်းခင် ကပင်လျင် ထိုအရှင်မြတ်၏
နာမတော်သည် (ခါလိက်)ဖန်ဆင်းရှင်ဖြစ်ချေသည်)
18. وَلَا بِاِحْدَاثِ الْبَرِيَةِ اسْتَفَادَاسْمَ الْبَارِىْ
အဖန်ဆင်းခံများအား ဖန်ဆင်းလိုက်ခြင်းကြောင့် မိမိ၏နာမတော်ကို ဖန်ဆင်းရှင်ဟု အမည်ထားရှိရခြင်းမဟုတ်ချေ...
19لَهُ مَعْنَى اَلرَبُوْبِيَةِ وَلَامَرْبُوْبَ,وَمَعْنَى الْخَالِقِيَةِ وَلَامَخْلُوْْقَ
အရှင်မြတ်အဖို့ ပြုစုပျိုးထောင်တော်မူသောအရှင် ဟူသော (ဝိသေသန)ဂုဏ်တော်သည် ပြုစုပျိုးထောင်ချင်း ခံရသူ မရှိလျင်ကစား ထိုဂုဏ်တော်သည် ထာဝရတည်ရှိနေမည်ဖြစ်၏ ထို့အပြင် ဖန်ဆင်းချင်းဟူသော (ဝိသေသန)ဂုဏ်တော်သည်လည်း ဖန်ဆင်းခံမရှိလျင်ကစား ဖန်ဆင်းရှင်ဟူသော (ဝိသေသန)ဂုဏ်တော်သည် ထာဝရတည်ရှိနေမည်ဖြစ်၏
20. وَكَمَا أَنهُ مُحْيِي المَوْتَى بَعْدَمَاأحْيَاهُمْ,اسْتَحَق هَذَاالاِسْمَ قَبْلَ احْيَائِهِمْ,كَذَلِكَ اِسْتَحَق اسْمُ الْخَالِقِ قَبْلَ اِنْشَائِهِمْ
အလ္လာဟ်အရှင်မြတ်သည် သက်မဲ့များအား ရှင်သန်စေပြီးနောက် ရှင်သန်စေနိုင်တော်မူသော
အရှင်မြတ်ဟု ခေါ်ဝေါ်ဘိ သကဲ့သို့ ၎င်းသက်မဲ့တို့အား ရှင်သန်မှု မပေးမည် အလျင်ကပင် ရှင်စေနိုင်တော်မူသော (ဝိသေသန)ဂုဏ်တော်နှင့် ထိုက်တန်တော် မူသော အရှင်မြတ်ဖြစ်တော်မူ၏
ထိုနည်းတူစွာ အဖန်ဆင်းခံများအား မဖန်ဆင်းခဲ့မှီ ကပင်လျင် ဖန်ဆင်းရှင်ဟူသော
(ဝီသေသန)ဂုဏ်တော်နှင့် ထိုက်တန်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏
Saturday, 6 February 2016
တစ်ပါးသည်သော အလ္လာဟ်အရှင်မြတ်ပေါ် ထားရှိရမည်း ယုံကြည်ချက်တရားများ (အပိုင်း၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment