(1)ان الله تعالى واحدٌلاشرسك لهُ
မလွဲဧကန် (الله)အရှင်မြတ်သည် တစ်ပါးတည်း တည်ရှိတော်မူသည်...ထိုအရှင်မြတ်နှင့် တုပနိုင်းယှင်ချင်းဟူ၍ မည်သည်မျှ မရှိပေ...
(2)ولاشىءَمثلهُ
၎င်းနောက် စင်္ကြာဝဋာကြီးတစ်ခုလုံးတွင် အရှင်မြတ်ကဲ့သို့ မည်သည့်အရာမျှ မရှိပေ...
(3)ولاشىء يعجزهُ
ထိုအရှင်မြတ်အား မတတ်စွမ်းနိုင်သော အရာဟူ၍ မည်သည့်အရာမျှ မရှိပေ..
(4)ولَااله غيرُهُ
ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှ ခဝပ်ကိုးကွယ်ခြင်းထိုက်သူမရှိ...
(5)
قَدِيْمٌ بِلَااِبتدَاءٍ دَائِمٌ بِلَااِنْتِهَاءٍ
အကြင်ရှင်မြတ်သည် အရင်ကနဦး အစကတည်းက တည်ရှိတော်မူခဲ့သည်.နောက်နောင်လည်း တည်ရှိနေဦးမည်.အရှင်မြတ်သည် အစမရှိခဲ့သလို အဆုံးဆိုတာလည်း ရှိမည်ဟုတ်ပေ. အမြဲတစေတည်ရှိနေတော်မူမည်...
(6)لَايَفْنَى ولَايَبِيْدُ
အကြင်အရှင်မြတ်၏(ဇါးသ်)တော်မှာ ပျက်စီးခြင်းဟူ၍လည်းမရှိ ကုန်ခမ်းခြင်းဟူသည်လည်း မရှိပေ..
(7)وَلَايَكُونُ اِلامَايُرِيْدُ
အဘယ်သို့သော အရာကို ထိုအရှင်မြတ်က လိုလားသည်ရှိသော် ထိုအရာအား ဖြစ်မလာသည် ဟူ၍လည်း မရှိပေ...
(8)لَاتَبْلُغُهُ الْاَوْهَامُ
လူသားတွေရဲ့ စဉ်းစားတွေးတောမှုသည် အရှင်မြတ်၏(ဟကီကသ်)(ဇားသ်)တော်အထိ မရောက်ရှိနိုင်ပေ...
(9)وَلَاتُدْرِكُهُ الْاَفْهَامُ
၎င်းနောက် လူသားရဲ့ဦးနောက်သည်လည်း အရှင်မြတ်၏မူရင်း(ဇားသ်)တော်အား (စဉ်းစားရန်)မဖြစ်နိုင်ပေ..
(10)وَلَايَشْبَهُ الْاَنَامُ
၎င်းနောက် အကြင်အရှင်မြတ်သည် မည်သို့သော အဖန်ဆင်းခံတွေနှင့်(အစိတ်အပိုင်း)မျှ မတူညီပေ..
Saturday, 6 February 2016
တစ်ပါးတည်းသော အလ္လာဟ်အရှင်ပေါ် ထားရှိရမည့် ယုံကြည်ချက်တရားများ (အပိုင်း ၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment